နားလည်ပေးပါချစ်သူ....

ငါဘာလိုချင်တယ်
မင်းကမသိတာလား
မင်းရဲ့အကြည့်တစ်ချက်
အပြောတစ်ခွန်း
တွန့်တိုလိုက်တာချစ်သူရယ်
တင်းနေတဲ့မင်းရဲ့နှုတ်ခမ်း
အေးစက်နေတဲ့အမှုအယာတွေ
တကယ်ကိုသူစိမ်းတစ်ရံလိုပဲ
ဒါဆိုလဲမပတ်သက်နဲ့ပေါ့.....
ဒီလိုလည်းမဟုတ်
ရူးချင်တယ်ဟေ့
မင်းဘာဖြစ်နေလဲ
မင်းဘာကိုအလိုရှိနေလဲ
ငါ့ဆီကတောင်းပါချစ်သူရယ်
ငါ့သွေးတွေခမ်းခြောက်ပါစေ
ငါမင်းအတွက်ပေးမှာပါ
ဒါပေမယ့်ချစ်သူ
မင်းလိုချင်တဲ့........ပုံစံတွေ
ငါမနေတတ်တော့
ငါ့အပြစ်ပါချစ်သူရယ်......။
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home